‘သဘာဝနဲ့ energy ယူပါ’

Stay at home ကာလ – ချွေးထွက်စေဖို့ နေ့စဉ် လေ့ကျင့်ခန်းလုပ်၊ အိပ်ရေးဝဝအိပ်၊ မနက်စောစောထပြီး နေရောင်ခြည်နဲ့တွေ့vitamin C,D ရအောင် လိမ္မော်သီးစား, နေရောင်ခံ(Vitamin C,D tablet သောက်ပေးတာလည်း လုပ်ကြသူတွေရှိတယ်) ပြီးတော့ “ငါ့များ ကူးနေပြီလား” ဆိုတဲ့ စိုးရိမ်ပူပန်မှုကတော့ လူတိုင်းမှာရှိပေမယ့် သတင်းတွေဖတ်ပြီး အရမ်းစိတ်အားငယ် စိုးရိမ်တကြီးမဖြစ်ကြဖို့လည်း လိုအပ်ပါတယ်။ ကျမလည်း ပြီးခဲ့တဲ့အပါတ်တွေက အလုပ်သွား အပြင်သွားရတော့ ဒီရက်ထဲ ညဘက်တွေဆို အိပ်နေရင်း အာခေါင်ခြောက်တယ် “covid လားမသိဘူး” ဆိုတဲ့ anxiety ဖြစ်ပြီး တရေး ထထနိူးပါတယ်။ အတူနေ အမေကလည်း ရှိနေတော့ “အမေ့ကို ကူးရင်” ဆိုတဲ့ စိတ်လည်း ပါတာပေါ့နော်။

အဲ့လို စိတ်ပူပန်ချိန်ဆို နှာသီးဝဆီက လေရှူ လေထုတ်ကို ရသလောက် သတိကပ်ပါတယ်။ စိတ် စိုးရိမ်ပူပန်နေစဉ်ဖြစ်တဲ့ ခန္ဓာကိုယ်တွင်းက ခံစားရမှုကိုလည်း သတိကပ်ပါတယ်။ မနေ့ညကတော့ အိပ်ချိန်မှာ စိတ်ကို အတော်လေးပြန်စုစည်းလိုက်ပြီး “ငါ ကာကွယ်စရာရှိတာနဲ့ ကာကွယ်နေလျှက်နဲ့မှ Covid ဖြစ်ချင်လည်း ဖြစ်တော့ကွယ်။ covid မဖြစ်ရဖို့ ငါဆင်ခြင်နေတာပဲ” ဆိုပြီး စိတ်ပူပင်နေတာကို လက်ခံလိုက်တဲ့ စိတ်နဲ့ အိပ်လိုက်မှ အဆင်ပြေပါတယ်။

Photo from Google

အဆုတ်အားကောင်းစေဖို့ အဆုတ်တွင်းထိရောက်အောင် ခပ်ပြင်းပြင်း လေရှူ လေသွင်းတာကိုလည်း သတိကပ်ပြီးလုပ်ပေးဖို့ မမေ့ပါနဲ့နော်။ “သဘာဝနဲ့ inner energy ယူပါ။

Photo from Google

“စိတ်ကဆောင်နေရင် အရာရာကို ကျော်လွှားနိူင်မှာပါ။ Mindful ဖြစ်နေဖို့, sharp mind, powerful mind ဖြစ်နေဖို့ ကျင့်ကြစို့နော်။ “သဘာဝနဲ့ mental energy ယူပါ။”

အောက်မှာပါတဲ့အစားအစာတွေကို စားသောက်ဖို့ကို ပထမ ဦးစားပေးပြီး လိုအပ်တဲ့ vitamin တွေရဖို့ ဆေးကတ်တွေဝယ်သောက်တာကို ဒုတိယ ဦးစားပေးဖို့သာ လုပ်ဖို့ သတိပေးပါတယ်နော်။ သဘာဝအစားအစာတွေက supplement တွေထက် ပိုစွမ်းအင်ကြီးတယ်ဆိုတာ လက်ခံတယ် မဟုတ်လား။ “သဘာဝနဲ့ physical energy ယူပါ။”

ခုရက်ပိုင်းကတော့ မိုးရွာနေလို့ နံနက်ခင်း နေရောင်ခြည်နုနုကို မရနိူင်ပေမယ့် နောက်ရက် နေရောင်ခြည်ရခဲ့ရင် မနက်စောစောထ မနက် ရှစ်နာရီမတိုင်ခင် နေရောင်ခြည်နွေးနွေးလေး ခံယူဖို့ အိမ်ရှေ့လမ်းထလျှောက်ကြည့်ပါဦး။ ပြီးတော့ အဖိုးတန်တဲ့ vitamin D ကို အလကားပေးဖို့ ဖြစ်တည်နေပေးတဲ့ နေလုံးကြီးကိုလည်း မော့ကြည့် ပြုံးပြကာ ကျေးဇူးတင်လိုက်ပါဦး။ “သဘာဝကို ကိုယ့်ရဲ့ gratitude ပေးပါ။”

စိတ်ရော လူရော လန်းဆန်းပေါ့ပါးတာ တနေကုန် ခံစားရမှာပါ။