My Morning

အိမ်မှာ ခြံဝန်းမရှိလို့ ကိုယ်ပိုင်ဂါးဒင်းတော့မရှိပေမယ့် ဒါ ကိုယ့်အိမ်ရှေ့ ဂါးဒင်းဗြူးလေးပေါ့နော်..

ဘလူးချိစ်နဲ့ ခရက်ကာ

ဌက်ပျောချဉ်ကို ခြောက်ထားတဲ့ ဌက်ပျောသီးခြောက်

အစေ့အဆံတွေ အုတ်ဂျုံတွေနဲ့လုပ်ထားတဲ့ အန်နဂျီကွက်ကီး

ကိုယ်တိုင်စပ်ထားတဲ့ ရွာငံကော်ဖီ ထဲကို ချောကလက်မှုန့် နည်းနည်းရောပြီး သောက်

ကိုယ့်ကော်ဖီခွက်လေးက လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဂျပန်ဆိုင်ကဝယ်တာ တစ်ထောင်ပဲပေးရတယ်။ သူ့ကို အရမ်းချစ်တယ်။

ပန်းကန်လေးတွေကလည်း စျေးထဲက ဂျပန်ပစ္စည်းလေးတွေရောင်းတဲ့ ဆိုင်ကဟာတွေပဲ။

အောက်က ခုံမည်းလေးက အိမ်နား ပရိဘောဂအဟောင်းဆိုင်က လွန်ခဲ့တဲ့နှစ်က ဝယ်ထားတာ.. တစ်သောင်းခွဲပဲ ပေးရတယ်။

မုန့်ဟင်းခါး, အသုတ်လိုဟာတွေ ကြိုက်ပေမယ့် နေ့တိုင်းမစားတတ်ဘူး။ ရွှေတောင်ခေါက်ဆွဲ, ရှမ်းခေါက်ဆွဲတို့ကို မုန့်ဟင်းခါး, အသုတ်တို့ထက် ပိုကြိုက်တယ်။ မနက်စာကို တနေ့နဲ့တနေ့မတူဘဲ မျိုးစုံ ပြောင်းပြီးစားရတာကြိုက်တယ်။ ဘာမှမရှိရင်တော့ ခရက်ကာကို ကော်ဖီနဲ့ နှစ်စားရတာမျိုးနဲ့လည်း ရတယ်။

မနက်စာ စားရင် ဒီနေရာလေးမှာ ထိုင်ထိုင်စားဖြစ်တယ်။ဒီနေရာမှာ ထိုင်စားနေတိုင်း သာယာနေတာချည်းပဲတော့ မဟုတ်ပါဘူး။ စာကလေးတွေအသံတစာစာကိုပဲ ကြားနေရတဲ့ နံနက်ခင်းလည်း ရှိသလို တစ်တိုက်လုံးသုံးဖို့ ရေမောင်းသံကိုရော စာကလေးသံရော ဖြတ်သွားဖြတ်လာတို့ရဲ့ အသံတွေ စျေးရောင်းနေသံရော ရောနှောနေတဲ့ မနက်ခင်းလည်း ရှိတာပါပဲ..
တခါတလေ ခြေထောက်နားမှာ ပုရွတ်ဆိတ်အမည်းတွေ ရှိလို့ ခါချရတဲ့ အခါတွေလည်း ရှိကောင်းရှိရဲ့….

စာဖတ်သူတို့ မနက်ခင်းကရော?